Tuesday, April 5, 2011

e-bay မှာ ဘာရှာမလဲ ???

ebay ဆိုတာ အင်တာနက်မှာ လေလံ ပစ်ပြီး ပစ္စည်းတွေ ဝယ်လို့ရတဲ့ ဆိုဒ် တခုလို့ လူတော်တော် များများ သိကြပါတယ်။ ဗမာပြည် မှာတော့ အင်တာနက် ကော်နက်ရှင် အဆင်မပြေတာရယ်၊ နိုင်ငံတကာ သုံးနိုင်တဲ့ ဘဏ်ကဒ်တွေ အဆင်မပြေ တာတွေရယ်ကြောင့် သုံးတဲ့သူ မရှိသလောက် နည်းမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အင်တာနက်မြန်တဲ့နိုင်ငံတွေ မှာတော့ အင်တာနက် အမြန်နှုန်းနဲ့ အခွင့်အရေးယူပြီး ဈေးပေါပေါနဲ့ ပစ္စည်းတွေ ဝယ်နိုင်တဲ့ လူတွေရှိပါတယ်။ ဒါကတော့ နောက်ဆုံးမိနစ် အထိ လေလံဝင်ပြစ်သူ မရှိတဲ့ ပစ္စည်းတွေကို နောက်ဆုံးမိနစ်မှာ တခေါက်လေလံပြစ်ပြီး ဝယ်ယူကြတာပါ။

ဒါပေမယ့်လဲ စာသေချာဖတ်ရပါတယ် ရောင်းတဲ့လူရဲ့ profile ကိုလဲ ကြည့်ရပါတယ်။ စိတ်ချရလားလို့ပါ။ တခါတလေ ကိုယ်လိုချင်တာ iPad ဖြစ်ပေမယ့် စာသေချာမဖတ်ပဲ iPad ကို ဒေါ်လာ ၃၀ လောက်နဲ့ ရတယ်ဟ ဆိုပြီး ဝယ်မိတတ်ပါတယ်။ စာသေချာဖတ်တော့မှ iPad cover ဒါမှမဟုတ် case ဖြစ်နေတတ်တာတွေရှိပါတယ်။ ဒါပေမယ့်လဲ တခါတလေ ကံကောင်းသူများကတော့ sony head phone ကို ၁၀ ဒေါ်လာအောက်ရဖူးတဲ့ သူတွေလဲ ရှိပြန်တော့။ ကျွန်တော်လဲ ပေါချောင်ကောင်းလေး ရမလား စောင့်နေမိတတ်ပါတယ်။
ဒီနေ့တော့ ကျွန်တော့် ebay ကို ကြည့်နေတုန်း ကျွန်တော်နဲ့ ဝါသနာတူ (ပေါချောင်ကောင်း စောင့် ဝယ်ခြင်း) ညီငယ်က မေးပါတယ်

"e-bay မှာ ဘာတွေ့လဲ"

ကျွန်တော်လဲ မဆိုင်းမတွ ပြန်ဖြေလိုက်ပါတယ်။

"ယင်ကောင်"

ဗမာလိုအတွေးဝင်လာတော့လဲ ဒီလိုပဲ ဖြေမိတတ်ပါတယ်။ :D 

Note: မြန်မာလိုတွေးလိုက် အင်္ဂလိပ်လိုတွေးလိုက်ရေးမိတာပါ။ခံစားလို့ ရမယ်ထင်ပါတယ်။ နောင် တချိန်မှာတော့ e-bay ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို အမှန်အတိုင်း ဖတ်ဖူးသမျှတွေ ဝေမျှပါအုံးမယ်။


No comments:

Post a Comment